၂၀၂၅ခုနှစ်၊မေလ၊(၂၇)ရက်
ရာသီဥတုပြောင်းလဲမှုကြောင့် ရုတ်တရက်လေပြင်းတိုက်ခတ်မှုနဲ့ မိုးမှောင်ကျမှုဖြစ်ပေါ်တဲ့အခါ ရေယာဉ်တွေအန္တရာယ်မဖြစ်စေရေးအတွက်သတိပြု ခုတ်မောင်းကြဖို့နဲ့ လေပြင်းတိုက်ခတ်စဉ် ရေယာဉ်များလိုက်နာရမယ့် ဥပဒေ၊ စည်းကမ်းချက်များအတိုင်းလိုက်နာကြဖို့ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရေလမ်းသတိပေးနှိုးဆော်ချက် ထုတ်ပြန်ထား တယ်လို့ သိရပါတယ်။
ရာသီဥတုဒဏ်ကြောင့် ရေလမ်းညွှန် အမှတ်အသားများ တစ်ခါတစ်ရံ ပျက်စီးပျောက်ဆုံးနိုင်တာ၊ ရေစီးသန်ခြင်းနဲ့ ဝဲလှည့်ခြင်းတို့ ဖြစ်ပေါ်နိုင်တာ၊ သောင်နှင့်ကျွန်းများရေမြုပ်ပြီး ရေမြွှာပေါက်ဖြတ်လမ်းတွေဖြစ်ပေါ်နိုင်ပြီး ရေမြွှာပေါက်ဖြတ်လမ်းတွေကနေ မဖြတ်သန်းကြဖို့ လည်း သတိပေးထားပါတယ်။
လှေ၊သင်္ဘော၊စက်လှေရေယာဉ်တွေအနေနဲ့မနိုင်ဝန်ကို သယ်ဆောင်ခြင်းမပြုကြရန်နဲ့ မြစ်ကူးတံတားကြီးများကို ဖြတ်သန်းရာမှာ တွဲတစ်တွဲ ချင်းသာ ချိတ်ဆွဲဖြတ်သန်းကြရမှာ ဖြစ်တယ်လို့ သတိပေးထုတ်ပြန်ထားပါတယ်။