မိုးတိမ်တောင်ဖြစ်ထွန်းမှုကြောင့် ဒေသ(၃)ခုမှာ မိုးသည်း ထန်တာလေပြင်းတိုက်တာ မိုးသီးကြွေတာတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့ ကချင် ပြည်နယ်တို့မှာ မိုးတိမ်တောင်များ ဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီးတယ်လို့သိရပါတယ်။
အဲဒီ့ မိုးတိမ်တောင်တွေ ရွေ့လျားရာနေရာ တစ်လျှောက်မှာ မိုးရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနဲ့ မိုးသီးကြွေခြင်းစတဲ့ မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်တယ်လို့ သတိပေးဖော်ပြထားပါတယ်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ထုတ်ပြန်ချက်တွေအရနောက် ၂ ရက်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ မိုးပိုနေဦးမှာဖြစ်တယ်လို့ သိရပါတယ်။