Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မိုးတိမ်တောင်များကြောင့် မိုးသက်လေပြင်းတိုက်ခတ်နိုင်

—————————————

၂၀၂၅ခုနှစ်၊အောက်တိုဘာလ၊(၁၄)ရက်

မိုးတိမ်တောင်များ ဖြစ်ထွန်းမှုအားကောင်းနေလို့ ဒေသအချို့ မိုးသက်လေပြင်းတိုက်ခတ်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။

အခုရက်ပိုင်းရန်ကုန်မှာလည်းမိုးသည်းလို့ မြို့နယ် အချို့မှာရေကြီးတဲ့နေရာတွေလည်းရှိခဲ့ပါတယ်။

ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ် တို့မှာ မိုးတိမ်တောင်များ ဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာ တစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီး လက်ခြင်းနှင့် မိုးသီးကြွေခြင်းတွေဖြစ်ပေါ်နိုင်တယ်လို့‌ဆိုပါတယ်။

ယနေ့ညနေအထိခန့်မှန်းချက်အဖြစ် တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့ အပြား၊ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် နေရာစိပ်စိပ်၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာ ကွက်ကျား မိုးထစ်ချုန်းရွာသွန်းနိုင်တယ်လို့ သိရပါတယ်။

#mercury#mercurynews#မိုးလေဝသ#မြန်မာ#ရာသီဉတု