Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မိုးတိမ်တောင်များကြောင့် မိုးသက်လေပြင်း တိုက်နိုင်၊ဒေသအချို့ညအပူချိန်လျော့နည်း

—————————————

၂၀၂၅ခုနှစ်၊နိုဝင်ဘာလ(၁၀)ရက်

မိုးတိမ်တောင်ဖြစ်ထွန်းမှုကြောင့် ရန်ကုန်၊ပဲခူး၊တနင်္သာရီ၊မွန်ပြည်နယ်တို့မှာ မိုးသက်လေပြင်း တိုက်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။

နိုဝင်ဘာလ(၁၀)ရက်မှာမန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း) တို့မှာ နေရာကွက်ကျား၊ နေပြည်တော်နဲ့ ကယားပြည်နယ်တို့မှာ နေရာကျဲကျဲ၊ ပဲခူးတိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီးတို့တွင် နေရာစိပ်စိပ်နဲ့ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာဖို့ရှိတယ်လို့ဆိုပါတယ်။

နောက် ၂ ရက်အတွက်ခန့်မှန်းချက် အဖြစ် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင် ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ ညအပူချိန်များ အနည်းငယ် လျော့နည်းနိုင်တယ်လို့ သိရပါတယ်။

#mercury#mercurynews#မိုးလေဝသ#မြန်မာ#ပြည်‌တွင်းသတင်း