—————————————————————————-
၂၀၂၅ခုနှစ်၊အောက်တိုဘာလ၊(၂၇)ရက်
မိုးတွင်းဖြစ်သော်လည်း နေ့အပူချိန်တွေပူပြင်းတဲ့ဒေသတွေ (၁၃)ခုရှိတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။
နေ့အပူချိန်အမြင့်ဆုံး(၃၀)ဒီဂရီဆဲလ်စီးယပ်အထက်ပိုနိုင်တဲ့ဒေသတွေများနေတာဖြစ်ပြီး အဲဒီ့ဒေသတွေမှာ ကွက်ကျားမိုးတော့ရွာနိုင် တယ်လို့ဆိုပါတယ်။
နေ့အပူချိန်ပူပြင်းနေတဲ့ဒေသတွေကတော့ နေပြည်တော်၊ရန်ကုန်၊မန္တလေး၊ပဲခူး၊မကွေး၊ဟုမ္မလင်း၊မုံရွာ၊ပုသိမ်၊ထားဝယ်၊မြစ်ကြီးနား ၊ဘားအံ၊မော်လမြိုင်၊စစ်တွေ၊လားရှိုးတို့မှာ နေ့အပူချိန်အမြင့်ဆုံး(၃၀)ဒီဂရီဆဲလ်စီးယပ်အထိ အထက်ပိုနိုင်တယ်လို့ ခန့်မှန်းဖော်ပြထားပါတယ်။
#mercury#mercurynews#မြန်မာ#ရာသီဉတု#ရန်ကုန်#ပြည်တွင်းသတင်း
