Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မိုးရာသီ ဝမ်းမလျှောအောင် စာသင်ကျောင်းများတွင် ကျောင်းသားက‌လေးငယ်များကို ကာကွယ်ဆေးတိုက်ကျွေး

၂၀၂၅ခုနှစ်၊သြဂုတ်လ၊(၂၀)ရက်

မိုးရာသီဝမ်းပျက်ဝမ်းလျှောရောဂါမဖြစ်အောင် စာသင် ကျောင်းတွေမှာ ကျောင်းသားကလေးငယ်တွေကိုကာ ကွယ်ဆေး တိုက်ကျွေးခြင်းလုပ်ငန်းတွေဆောင် ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

သြဂုတ်လ(၁၉)ရက်မှာ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ ကျောင်းကျန်းမာရေးစီမံချက်အရ အ ထက(၂)၊အ ထ က(၃)၊အ လ က (၂)တို့မှာ ပညာသင်ကြားနေတဲ့ ကျောင်းသားကလေးငယ်များအား ဝမ်းလျှော၊ဝမ်းပျက်ရောဂါ ကာကွယ်ဆေးတိုက်ကျွေးခြင်းလုပ်ငန်းတွေ ပြုလုပ်ခဲ့ပါတယ်။

ကာကွယ်ဆေးကိုတိုက်ကျွေးတဲ့လုပ်ငန်းစဥ်ကို YRO အဖွဲ့ဝင်တွေဖြစ်ကြသော ” မိုး ” ပရဟိတအဖွဲ့၊ ” တာမွေကွန်ယက် ” ပရဟိတအဖွဲ့၊” မေတ္တာမျှဝေ ” ပရဟိတအဖွဲ့၊ ” အရိုးကုန်း ” ပရဟိတအဖွဲ့ တို့မှ စေတနာ့ဝန်ထမ်းများ ပါဝင် ပူးပေါင်း ကူညီဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။

#Mercury#mercurynews#ပြည်တွင်းသတင်း#ဝမ်းပျက်ဝမ်းလျော#ကျန်းမာရေး