Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မိုးရွာပြီး ညပိုင်းပိုအေးလာမည့်မြို့ပိုများလာ

———————————-

၂၀၂၆ခုနှစ်၊ဇန်နဝါရီလ၊(၁၆)ရက်

အခုရက်ပိုင်းမှာ မိုးရွာပြီး ညပိုင်းပိုအေးလာမည့်မြို့ပိုများလာတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။

မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်တို့မှာ နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်တယ်လို့ ဆိုပါတယ်။

နောက် ၂ ရက်အတွက်ခန့်မှန်းချက်အနေဖြင့် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ညအပူချိန်များ အနည်းငယ် လျော့နည်းနိုင်တယ်လို့ သိရပါတယ်။

#mercury#mercurynews#မိုးလေဝသ#အအေးပို#မြန်မာ#ပြည်တွင်းသတင်း