Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မိုးသက်လေပြင်းကြောင့် ဒေသ(၃)ခု၌သစ်ပင်လဲကျခြင်း၊နေအိမ်ပေါ်သစ်ပင်ပိခြင်းများဖြစ်ပွား

————————————————————–

၂၀၂၅ခုနှစ်၊မေလ၊(၃၀)ရက်

မိုးသက်လေပြင်းတိုက်ခတ်လို့ ရန်ကုန်၊ပဲခူး၊ဧရာဝတီစတဲ့တိုင်းဒေသကြီး(၃)ခု မှာ သစ်ပင်လဲကျခြင်း၊ နေအိမ်ပေါ်သစ်ပင်ပိခြင်းများ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

၂၉.၅.၂၀၂၅ရက်နေ့၊ ၁၄ ၄၂အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ ဗိုလ်ချုပ်အောင်ဆန်းရပ်ကွက်၊ ချမ်းသာကြီးကုန်း၊ ရေတာလမ်းမကြီးဘေးမှာ သစ်ပင်လဲကျပြီး နေအိမ်ပေါ်သို့ ပိမိခဲ့လို့ ရှင်းလင်းခဲ့ရပါတယ်။

၂၉.၅.၂၀၂၅ ရက်နေ့၊ ၁၇ ၄၀ အချိန်ခန့်၊ ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အုတ်ဖို(၂)ရပ်ကွက်၊ ရထားဘူတာအနီး၊ မိုင်တိုင်အမှတ်(၁၃၉/၂၀)နှင့် (၁၃၉/၂၁)ကြားတွင် သစ်ပင်လဲကျမှုဖြစ်ပွားခဲ့ပါတယ်။

၂၉.၅.၂၀၂၅ ရက်နေ့၊ ၁၆ ၃၀ အချိန်ခန့်၊ ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ နံနံပင်ကုန်းကျေးရွာမှာ လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်လဲကျမှုဖြစ်ပွားခဲ့ပါတယ်။

၂၉.၅.၂၀၂၅ ရက်နေ့၊ ၁၆ ၁၅ အချိန်ခန့်၊ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အမှတ်(၁)ရပ်ကွက်၊ ဆေး/တဲလမ်းမပေါ်ရှိ ရသအောင်မြေစာကြည့်တိုက်နှင့် လျှပ်စစ်ဓာတ်အားလိုင်းကြိုးပေါ်သို့ သစ်ပင်လဲကျမှုဖြစ်ပွားခဲ့လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်တွေရှင်းလင်းခဲ့ရတယ်လို့ သိရပါတယ်။

၃၀.၅.၂၀၂၅ ရက်နေ့၊ ၀၄ ၃၀ အချိန်၊ ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မြို့နယ်၊ လှေကျင်းရပ်ကွက်၊ လှေကျင်း(၅)လမ်းမှာ မိုးရွာသွန်းမှုကြောင့် နေအိမ်ပေါ်သို့ သစ်ပင်လဲကျမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဝါးခယ်မမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ခဲ့ပါတယ်။

#mercury#mercurynews#မြန်မာ#သစ်ပင်လဲ#ပြည်တွင်းသတင်း