၂၀၂၅ခုနှစ်၊မေလ၊(၂၈)ရက်
ရန်ကုန်မှာ မိုးသက်လေပြင်းတိုက်ပြီး ရန်ကုန်ဆေးရုံကြီးအတွင်းရှိ အဆောင်ရှေ့သစ်ပင်လဲကျကားပိခဲ့သလို သန်လျင်မှာလည်း သစ်ပင်လဲကျလမ်းပိတ်ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရပါတယ်။
မေလ(၂၇)ရက်၊၁၉ ၁၃ အချိန်ခန့်၊ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးအတွင်းရှိ ဦးနှောက်နှင့်အာရုံကြောအဆောင်ရှေ့မှာ သစ်ပင်လဲကျပြီး ကားပေါ်ပိမိနေတယ်လို့ဆိုပါတယ်။
သစ်ပင်လဲကျတာကို ကျောက်တံတားမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ ၂၀ ၄၅ အချိန် ပြီးစီးခဲ့တယ်လို့ သိရပါတယ်။
မေလ(၂၇)ရက်၊ ၁၉ ၂၅ အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ မြို့ဟောင်းအလယ်ရပ်ကွက်၊ ဗိုလ်ချုပ်နေဝင်းလမ်းမပေါ်တွင် သစ်ပင်လဲကျပြီး လမ်းပိတ်နေကြောင်းသတင်းရရှိသဖြင့် သန်လျင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ ၂၀ ၅၇ အချိန် ပြီးစီးခဲ့တယ်လို့ သိရပါတယ်။
Photo Credit -MSFD
#mercury#mercurynews#သစ်ပင်လဲ#မြန်မာ#ပြည်တွင်းသတင်း