မိုးသက်လေပြင်းတိုက်နိုင်
၂၀၂၅ခုနှစ်၊ဇွန်လ၊(၂၄)ရက်
မုတ်သုံအားအလွန်ကောင်းတာနဲ့ လေပွေလှိုင်းတွေအရှိန်ကြောင့် (၅)ရက်တိုင်တိုင် မိုးကြီးဦးမှာဖြစ် သလို မိုးသက်လေပြင်းလည်းတိုက်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။
ဒီနေ့ညမှဇွန်လ(၂၉)ရက် အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင် ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသ တွေမှာ ဒေသအလိုက်နှင့် နေရာကွက်ပြီး မိုးကြီးမယ်လို့ ဖော်ပြထားပါတယ်။
မိုးသည်းထန်စွာရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်လို့ အထူးသတိထားဖို့လိုအပ်တယ်လို့ သိရပါတယ်။
#mercury#mercurynews#မြန်မာ#မိုးလေ၀သ