Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မုန့်ဖတ်၊ပဲသွေး၊ပဲပြားတို့တွင် တာရှည်ခံဖော်မလင်သုံးပါက အရေးယူမည်ဟုထုတ်ပြန်

—————————————————————————————————-

၂၀၂၅ခုနှစ်၊အောက်တိုဘာလ၊(၂၄)ရက်

ဈေးမှာရောင်းချတဲ့ မုန့်ဖတ်၊ပဲသွေး၊ပဲပြားစတဲ့ အစားအသောက်တွေမှာ တာရှည်ခံဖော်မလင်သုံးပါက အရေးယူမယ်လို့ ကျန်းမာ‌‌ ‌ ရေးဝန်ကြီးဌာနက ထပ်မံထုတ်ပြန်လိုက်ပါတယ်။

ဖော်မလင်ပါတာတွေစားမိပါက ခေါင်းမူး၊ခေါင်းကိုက်၊အော့အန်၊ဗိုက်နာ၊အသက်ရူရခက်ခဲနိုင်ပြီး ရေရှည်သုံးမိပါက အစာအိမ်အနာဖြစ်တာ၊အသည်း၊ကျောက်ကပ်တွေပျက်စီးတာ၊ကင်ဆာဖြစ်တာတွေဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ဒီ့အပြင် ကိုယ်ဝန်ဆောင်တွေနဲ့ကလေးငယ်တွေအဆိပ်သင့်မှုဖြစ်နိုင်ပြီး သ‌န္ဓေသားဖွံ့ဖြိုးမှုထိခိုက်တာနဲ့ ကလေးသူငယ် ကြီးထွားမှုပြဿနာတွေဖြစ်ပွားစေနိုင်လို့ အမျိုးသားအစားအသောက်ဥပဒေအရ အရေးယူသွားမှဖြစ်တယ်လို့ သိရပါတယ်။

#mercury#mercurynews#မြန်မာ#ပြည်တွင်းသတင်း#မုန့်ဖတ်#ပဲသွေး

Oplus_131072