(၁)သိန်းခွဲဖြင့်သာရောင်းချရန်သတ်မှတ်
၂၀၂၅ခုနှစ်၊မေလ၊(၁၀)ရက်
အခုမေလထဲမှာ ဆန်ကြမ်းတစ်အိတ်ကို အနည်းဆုံး(၆)သောင်းကျော်နဲ့ဆန်ချောတစ်အိတ်ကိုအများဆုံး(၁)သိန်း ခွဲဖြင့်ရောင်းချဖို့သတ်မှတ်လိုက်တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှသိရပါတယ်။
ဆန်ကြမ်းအမျိုးအစားတွေဖြစ်တဲ့ ဧည့်မထ၊ငစိန် စတဲ့ဆန်ကြမ်းတွေကို တစ်အိတ်ကျပ်(၆၀၀၀၀)မှ ကျပ်(၇၈၀၀၀)ဝန်းကျင်ရောင်းချဖို့သတ်မှတ်ထားပြီး ဆန်ချောအမျိုးအစားတွေဖြစ်တဲ့ ပေါ်ဆန်းအုပ်စု၊ ရွှေဘိုပေါ်ဆန်းအုပ်စု ဆန်တွေကိုတော့ ဆန်တစ်အိတ်ကျပ်(၁၁၀၀၀၀)မှ(၁၅၀၀၀၀)အထိရောင်းချဖို့ သတ်မှတ်ထားတာဖြစ်ပါတယ်။
ဆန်အမျိုးအစားအလိုက် ဆန်1kgကို ၂၅၀၀ကျပ်မှ၆၀၀၀ကျပ်အထိသတ်မှတ်ရောင်းချဖို့ ထုတ်ပြန်ထားပြီး ဈေးမြှင့်တင်ရောင်းချတာ၊ဈေးကစားတာတွေတွေ့ရှိပါကဥပဒေအရအရေးယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။
photo credit-မူရင်းပိုင်ရှင်
#mercury#mercurynews#ပြည်တွင်းသတင်း#ဆန်