Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မော်လမြိုင်မြို့တွင် Grade 12 ကျောင်းသူတစ်ဦး ပျောက်ဆုံးနေ

၂၀၂၅၊ဇွန်လ၊၂၆ရက်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ Grade 12 တက်ရောက်နေတဲ့ ကျောင်းသူတစ်ဦးဟာ ဇွန်လ ၂၄ ရက် နံနက်ပိုင်းက နေအိမ်ကနေ ဘောပင်ဝယ်ရန် ထွက်ခွာသွားခဲ့ရာ ယနေ့အချိန်အထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကြောင်း သိရပါတယ်။

ပျောက်ဆုံးသူဟာ မော်လမြိုင်မြို့၊ သီရိမြိုင် ၁၉ လမ်းနေ ဦးခင်မောင်ဆွေနှင့် ဒေါ်ဥမ္မာဆွေတို့ရဲ့ သမီးဖြစ်သူ အသက် ၁၉ နှစ်အရွယ် မသင်းသီရိခင် ဖြစ်ပြီး အမှတ် ၁၁ ကျောင်းတွင် ပညာသင်ကြားနေသူဖြစ်ကာ ကျောင်းနှင့် ကျူရှင်သို့သာ အများဆုံး သွားလာလေ့ရှိတယ်လို့ သိရပါတယ်။

ဇွန်လ ၂၄ ရက် နံနက်ပိုင်းက ကျောင်းမသွားမီ ဘောပင်ဝယ်ရန် နေအိမ်မှ ထွက်သွားခဲ့ရာမှ ယနေ့အချိန်အထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေခြင်းဖြစ်ပါတယ်။ ပျောက်ဆုံးသွားတဲ့ ကျောင်းသူလေးဆီမှာ ပါသွားတဲ့ ဖုန်းကို ပထမတစ်ကြိမ် ဆက်သွယ်ရာ ဖုန်းဝင်ခဲ့သော်လည်း နောက်ပိုင်းမှာ ဖုန်းလုံးဝ စက်ပိတ်သွားခဲ့တယ်လို့ မိသားစုဝင်တွေကပြောပါတယ်။

မိသားစုဝင်များက လိုက်လံစုံစမ်းရှာဖွေနေကြပေမယ့်လည်း ယခုအချိန်အထိ မည်သည့်သတင်းအစအနမှ မရရှိသေးသလို ကျောင်းမှ ဆရာမကြီးများထံ အကြောင်းကြားထားပြီး သက်ဆိုင်ရာအပိုင်နယ်မြေ ရဲစခန်းတွင်လည်း လူပျောက်တိုင်ချက်ဖွင့်ထားကြောင်း သိရပါတယ်။

အဆိုပါ မိန်းကလေးငယ်ကို တွေ့ရှိသိရှိပါက ဖုန်းနံပါတ် 09 454119911 ကို ကူညီဆက်သွယ်ပေးနိုင်ကြပါရန် မိသားစုက အကူအညီတောင်းခံထားပါတယ်။

#mercury#mercurynews#မြန်မာ#ပြည်တွင်းသတင်း#လူပျောက်