မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ဓာတ်မြေဩဇာစက်ရုံမှာ ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က လုပ်သားအမျိုးသားတစ်ဦး မြေဩဇာကြိတ်ရာဇလားအတွင်း လက်နှိုက်မိရာမှ ညာဘက်လက် တံတောင်ဆစ်အထိ စက်ကြိတ်ခံရမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါသတင်းရရှိပြီးနောက် မော်လမြိုင်မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ ချက်ချင်းထွက်ခွာကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်လာပါတယ်။
ဒဏ်ရာရရှိသူအား ဗေဒါရာမ/ရာမည လူမှုကူညီရေးအသင်းရဲ့သူနာတင်ယာဉ်နဲ့ မော်လမြိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။
#mercury#mercurynews#မြန်မာ#မှုခင်း#ပြည်တွင်းသတင်း