Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မြစ်ကြီးနားတွင် အမျိုးသမီးတစ်ဦး ဆွဲကြိုးလုယက်ခံရ

၂၀၂၅၊ဇူလိုင်လ၊၁ရက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဂျပန်တံတားလမ်းမှာ ဇွန်လ၂၉ရက်က အမျိုးသမီးတစ်ဦး ဆွဲကြိုးလုယက်ခံခဲ့ရကြောင်း ကချင်အခြေစိုက် KNG သတင်းဌာနရဲ့ဖော်ပြချက်အရ သိရပါတယ်။

ဇွန်လ ၂၉ ရက် နေ့လည် ၁၂ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ဂျပန်တံတားလမ်းရှိ မိဘမဲ့ကျောင်းအကျော်နားမှာ ဆိုင်ကယ်စီးလာသည့် အမျိုးသား ၂ ဦးက လုယူသွားခြင်းဖြစ်တယ်လို့ သိရပါတယ်။

“အဲ့လမ်းက အရမ်းလုယက်တာတွေ၊ပစ်သ-တ်တာတွေများတယ်။ညမှောင်ရင် ပိုတောင်ဆိုးသေးတယ်။အခုကနေ့ခင်းကြောင်တောင်တွေပါဖြစ်နေတော့ အသွားအလာ အရမ်းဂရုစိုက်နေရတယ်။”လို့ ဒေသခံတစ်ဦးက Mercury Newsကိုပြောပါတယ်။

ဆွဲကြိုးလုခံခဲ့ရတဲ့ အမျိုးသမီးဟာ ခဏတာမေ့မြောသွားကာ ဆေးရုံတင်ခဲ့ရပြီး နာရီဝက်လောက်ကြာမှ ပြန်သတိရလာခဲ့တယ်လို့ သိရပါတယ်။

ဓါတ်ပုံ-အခင်းဖြစ်ပွားခဲ့တဲ့ ဂျပန်တံတားလမ်း

#mercury#mercurynews#မြန်မာ#မြစ်ကြီးနား#ပြည်တွင်းသတင်း