Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးတွင် အာခေါင်ကွဲ၊ နှုတ်ခမ်းကွဲ ဝေဒနာရှင်ကလေးများအား အခမဲ့ ခွဲစိတ်ကုသပေးမည်

၂၀၂၅၊အောက်တိုဘာလ၊၂၉ရက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးမှာ နိုဝင်ဘာလ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ အာခေါင်ကွဲ နှင့် နှုတ်ခမ်းကွဲ ကလေးငယ်ဝေဒနာရှင်များအား အခမဲ့ ခွဲစိတ်ကုသပေးမယ့် အစီအစဉ်တစ်ရပ်ကို ဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရပါတယ်။

အခု အခမဲ့ ခွဲစိတ်ကုသမှုအစီအစဉ်ကို နေပြည်တော်မှ ပါမောက္ခဒေါက်တာခင်မောင် (ညွှန်ကြားရေးမှူး – သွား/ကျန်းမာရေး) ဦးဆောင်သော အထူးကုအဖွဲ့က လာရောက်လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။

ခွဲစိတ်ကုသမှု ခံယူလိုသူများအနေနဲ့ နိုဝင်ဘာလ ၁၀ ရက်နေ့ နောက်ဆုံးထားပြီး မြစ်ကြီးနားပြည်သူ့ဆေးရုံကြီး၊ ကလေးကုသဆောင်သို့ လာရောက်ပြသနိုင်ပြီလို့ ကချင်ပြည်နယ် အခမဲ့ ဆေးဝါးကုသရေး ဖောင်ဒေးရှင်းက ဖော်ပြထားပါတယ်။

ဓါတ်ပုံ- ကချင်ပြည်နယ် အခမဲ့ ဆေးဝါးကုသရေး ဖောင်ဒေးရှင်း

#mercury#mercurynews #မြစ်ကြီးနား#အာခေါင်ကွဲ#နူတ်ခမ်းကွဲ#ပြည်တွင်းသတင်း