Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မြစ်ကြီးနားမြို့နယ်၊ မန်ခိန်ရပ်ကွက်၊ စားသောက်ဆိုင်မှာ မီးလောင်

၂၀၂၆၊ဖေဖော်ဝါရီ၊၆ရက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ မန်ခိန်ရပ်ကွက်၊ စားသောက်ဆိုင်မှာ မနေ့က ဖေဖော်ဝါရီလ ၅ရက် ည ၈နာရီ ၃၅မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားကြောင်း သိရပါတယ်။

မီးလောင်ရာကို မြစ်ကြီးနားမြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ မီးငြှိမ်းသတ်ယာဉ်(၂)၊ မီးသတ်ရေသယ်ယာဉ်(၃)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ထွက်ခွာငြှိမ်းသတ်ခဲ့ကြပါတယ်။

ည၉နာရီ၅မိနစ်မှာ မီးကို အပြီးသတ်နိုင်ခဲ့ပြီး မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုလည်း အများအပြားရှိခဲ့တယ်လို့ သိရပါတယ်။