Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မြစ်ကြီးနားမြို့မှာ နေရာအချို့ Mytel ဖုန်းလိုင်းပြန်ရနေ

၂၀၂၅၊ဇွန်လ၊၁၆ရက်

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့ရဲ့ နေရာအချို့နဲ့ ရက်ကွက်အချို့မှာ Mytelဖုန်းလိုင်း ပြန်ရနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“Mytel ဖုန်းလိုင်းက ရပ်ကွက်တစ်ချို့မှာ ရနေပါတယ်။လိုင်းတော့အရမ်းမကောင်းပါဘူး။အင်တာနက်တော့မရပါဘူး။ဖုန်းလိုင်းသက်သက်ပါဘဲ။ဘယ်ချိန်ပြန်ပြတ်ပြန်မလဲ မသိဘူး”လို့ ဒေသခံတစ်ဦးက Mercury News ကိုပြောပါတယ်။

ကချင်ပြည်နယ်၊မြစ်ကြီးနားမှာ မနှစ်က ဇူလိုင်လတည်းက ဖုန်းလိုင်း၊အင်တာနက်လိုင်းတွေပြတ်တောက်ခဲ့တာဖြစ်ပြီး လက်ရှိမှာ MPTဖုန်းလိုင်း၊ယခု Mytelဖုန်းလိုင်းတော့ ပြန်လည်ရရှိပြီလို့ သိရပါတယ်။

မူရင်းဓါတ်ပုံပိုင်ရှင် များကို creditပေးပါသည်။

#mercury#mercurynews#မြစ်ကြီးနား#ပြည်တွင်းသတင်း#ဖုန်းလိုင်း