Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်မှာ ဆိုင်ကယ်စီးလာသည့် အမျိုးသမီး ၂ ဦး ပိုက်ဆံအိတ်လုယက်ခံရ၊ထိခိုက်ဒဏ်ရာများရခဲ့

၂၀၂၅၊နိုဝင်ဘာ၊၆ရက်

မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်မှာ နိုဝင်ဘာလ ၄ ရက်နေ့ ညနေ ၄ နာရီ ၁၂ မိနစ်ခန့်က ဆိုင်ကယ်စီးနင်းလာတဲ့ အမျိုးသမီးနှစ်ဦး ပိုက်ဆံအိတ် လုယက်ခံရမှုကြောင့် ဆိုင်ကယ်လဲကျကာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မြစ်ကြီးနား)ထံမှသိရပါတယ်။

လုယက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသမီးနှစ်ဦးကို မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးကို ဆေးကုသမှုခံယူရန် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မြစ်ကြီးနား)က ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။

#mercury#mercurynews#စီတာပူ#မြန်မာ#ပြည်တွင်းသတင်း