Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်တွင် ပိုင်ရှင်မဲ့ အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိ


ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်၊ နယ်မြေ (၂၀)မှာ ယနေ့ (အောက်တိုဘာ ၂၈) ရက် မနက်ပိုင်းက ပိုင်ရှင်မဲ့ အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိရကြောင်း မျိုးဆက်သစ် လှုမှုကယ်ဆယ်ရေး အသင်း ရဲ့ဖော်ပြချက်အရ သိရပါတယ်။
ရုပ်အလောင်းကို မျိုးဆက်သစ် လှုမှုကယ်ဆယ်ရေး အသင်းက မြစ်ကြီးနားမြို့ရှိ ရာဒါကောင်းသုသာန်သို့ ပို့ဆောင်ကာ သဂြိုဟ် ကုသိုလ်ယူခဲ့ကြောင်း သိရပါတယ်။
ယခုနှစ်အတွင်း မြစ်ကြီးနားမြို့မှာ ပိုင်ရှင်မဲ့ ရုပ်အလောင်းတွေ မကြာခန တွေ့ခဲ့ရပြီး အများစု မှာ ရမ်ပူ၊ကြက်ပေါင်ခြံ စတဲ့ ရပ်ကွက်တွေမှာ တွေ့ခဲ့ရတယ်လို့ ဒေသခံ တစ်ဉီးက Mercury Newsကို ပြောပါတယ်။