Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မြစ်ကြီးနားမှာ နေအိမ်‌ထဲ ဝင်ခိုးတဲ့ သူခိုးတစ်ဦးကို ဖမ်းဆီးရမိ

၂၀၂၅၊မေလ၊၈ရက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင်းရပ်ကွက်မှာ နေအိမ် ထဲထိဝင်ရောက်ခိုးယူ တဲ့ သူခိုးတစ်ဦးကို ရပ်ကွက်နေပြည်သူတွေ ဖမ်းဆီးရမိတယ်လို့ ကချင်အခြေစိုက် သတင်းဌာနဖြစ်တဲ့ KNG News ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ယနေ့ မေလ ၈ရက်၊ မနက် ၈ နာရီဂျန်မိုင်‌ကောင်ရပ်ကွက် ညဈေးအနီးမှာရှိတဲ့နေအိမ်ကို ဆိုင်ကယ်နဲ့လူကယ်နှစ်ဦးက ဝင်ရောက်လာကာ ဖုန်းဝင်ခိုးသွားတာဖြစ်ပြီး ရက်ကွက်နေပြည်သူတွေ လိုက်ဖမ်းတာကြောင့် ဆိုင်ကယ်ကနေ ပြုတ်ကျခဲ့တဲ့ သူခိုးကို ဖမ်းမိခဲ့တာဖြစ်ပါတယ်။

သူခိုးတစ်ဦးက ဆိုင်ကယ်နဲ့ထွက်ပြေးလွှတ်မြောက်သွားပြီး ဖမ်းမိထားတဲ့ သူခိုးကို ရပ်ကွက်လူကြီးတွေက မေးမြန်းမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

မြစ်ကြီးနားမြို့မှာ ယခု ရက်ပိုင်းအတွင်းမှာဘဲ ခိုးဆိုးလုယက်မှုများ မကြာခဏဆိုသလိုဖြစ်ပွားနေပြီး မှုးယစ်ဆေးဝါးရောင်းဝယ်မှုဖောက်ကားမှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဓါတ်ပုံ-KNG

#mercury#mercurynews#မြန်မာ#မြစ်ကြီးနား#ပြည်တွင်းသတင်း