ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့မှာ မနေ့တည်းက ဧရာဝတီမြစ်ရေ ဆက်တိုက်တက်နေပြီး ဒီကနေ့မနက် ၈ နာရီအချိန်မှာ စိုးရိမ်ရေအမှတ် ၁,၂၀၀ စင်တာမီတာရဲ့ အထက် ၁,၂၁၀ စင်တာမီတာအထိ ကျော်လွန်ရောက်ရှိလာပြီလို့ သိရပါတယ်။
လက်ရှိအချိန်မှာ မြစ်ကြီးနားမြို့ရဲ့ မြေနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေတွေ ဝင်ရောက်လာပြီးစက်လှေတွေနဲ့ သွားလာနေရပြီဖြစ်ပြီးတစ်ဖက်ကမ်း ဝိုင်းမော်သွားတဲ့ လမ်းတစ်လျှောက်က ကျေးရွာတွေမှာလည်း ရေတွေ ဝင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ဒီနေ့မနက်ပိုင်းမှာတော့တော်တော်ဝင်လာပြီ။ရေကအတက်နှေးပေမယ့် တက်တော့တက်နေတုန်းဘဲ။ပြင်ဆင်တာတွေရော၊ရွေ့ပြောင်းတာတွေပါ တောက်လျှောက်လုပ်နေကြရတယ်။ကယ်ဆယ်ရေးတွေ အတွက်လည်း ပြင်ဆင်ထားရမယ်။ကိုယ်ထူကိုယ်ထတွေ ပိုလုပ်ရတာ ဒီဘက်မှာက “လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက မာကျူရီကို ပြောပါတယ်။
လက်ရှိ ရမ်ပူ၊စီတာပူ၊မြို့သစ်ကြီး၊ ပြည်ထောင်စုလမ်းမ မိန်းလမ်းမတွေမှာ ရေတွေ ရောက်ရှိနေပြီဖြစ်တဲ့အပြင် စီတာပူရပ်ကွက်က ကချင်ပြည်နယ် အမှတ်သင်္ကေတ မနောင်ကွင်းမှာလည်း ရေတွေဝင်ရောက်လျက် ရှိနေပြီဖြစ်ပါတယ်။
Photo Credit- Zau
#mercury#mercurynews#မြန်မာ#myitkyina#ပြည်တွင်းသတင်း