၂၀၂၅ခုနှစ်၊အောက်တိုဘာလ၊(၂၂)ရက်
အခုရက်ပိုင်း မြစ်ကြီးနားမှာ အနိမ့်ဆုံးအပူချိန်စံချိန်သစ်တင်ပြီး ကျိုက္ခမီမှာတော့ အမြင့်ဆုံးအပူချိန်စံချိန်တင်ခဲ့တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။
အောက်တိုဘာလ(၂၁)ရက်မှာ မြစ်ကြီးနားမှာ အောက်တိုဘာလရဲ့ အနိမ့်ဆုံးအပူချိန်စံချိန်သစ်အဖြစ် ၁၄.၅ဒီဂရီဆဲလ်စီးယပ်ဖြင့် စံချိန်တင်ခဲ့တာဖြစ်ပါတယ်။
အောက်တိုဘာလ(၂၀)ရက်မှာတော့ မွန်ပြည်နယ်၊ကျိုက္ခမီမှာ အောက်တိုဘာလရဲ့ အမြင့်ဆုံးအပူချိန်စံချိန်သစ်အဖြစ် ၃၆.၄ဒီဂရီဆဲလ်စီးယပ်ဖြင့် စံချိန်တင်ခဲ့တာဖြစ်ပါတယ်။
#mercury#mercurynews#အပူချိန်#မြန်မာ#မြစ်ကြီးနား#ပြည်တွင်းသတင်း#ကျိုက္ခမီ