Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မြစ်(၆)စင်းစိုးရိမ်အမှတ်ရောက်နေ၍ ရေဘေးလွတ်ရာ ကြိုတင်ရှောင်နိုင်ရန်သတိထပ်ပေး

၂၀၂၅ခုနှစ်၊ဇူလိုင်လ၊(၂၈)ရက်


အခုရက်ပိုင်းမှာ မြစ်(၆)စင်းနဲ့ မယ်ဆိုင်ချောင်းရေဟာ စိုးရိမ်အမှတ်သို့ရောက်ရှိတာ၊ ကျော်လွန်တာတွေရှိနိုင်လို့ ရေဘေးလွတ်ရာကြိုတင်ရှောင်ကြရန်သတိပေးထားတယ်လို့ သိရပါတယ်။

သောင်ရင်းမြစ်ရေ၊စစ်တောင်းမြစ်ရေ၊ရွှေကျင်မြစ်ရေ၊သံလွင်မြစ်ရေ၊ ဘီလင်းမြစ်ရေ၊ပဲခူးမြစ်ရေ၊ မယ်ဆိုင်ချောင်း တို့မှာ စိုးရိမ်အမှတ်သို့ရောက်ရှိလာတာ၊ စိုးရိမ်ရေအမှတ်အထက် ရောက်ရှိလာတာတွေဖြစ်ပေါ်နိုင်တယ်လို့ သတိပေးထားပါတယ်။
ဒါကြောင့်မို့လို့အဲဒီ့မြစ်တွေဖြတ်သန်းသွားတဲ့ ပဲခူးမြို့၊ တောင်ငူမြို့၊ရွှေကျင်မြို့၊ဘားအံမြို့၊ ဘီးလင်းမြို့၊ တာချီလိတ်မြို့၊မဒေါက်မြို့၊မြဝတီမြို့ရှိမြစ်နားကမ်းနားနေထိုင်သူတွေ၊ မြေနိမ့်ပိုင်းနေထိုင်သူတွေအနေနဲ့ အချိန်မီ ကြိုတင် ရွှေ့ပြောင်းထားဖို့လိုအပ်တယ်လို့ သိရပါတယ်။