———————————————————————————————–
ပဲခူးတိုင်း၊ရွှေကျင်၊ပုဇွန်အိုင်ရွာမှ အသဲဝေဒနာရှင် သမီးငယ်လေးတစ်ဦး အသဲအစားထိုးဖို့လိုအပ်နေလို့ ခိုင်နှင်းဝေဖောင်ဒေးရှင်းနဲ့အလှူရှင်တွေက ဝိုင်းဝန်းကူညီနေတယ်လို့ သိရပါတယ်။
အဲဒီ့ကလေးငယ်လေးအတွက် အသဲအလှူရှင်ဟာ ကလေးရဲ့ မိခင်ရင်းပဲဖြစ်ပြီး အိန္ဒိယမှာ သွားရောက်ခွဲစိတ်ကုသကြမှာဖြစ်တယ်လို့ ဆိုပါတယ်။
ကလေးငယ်လေးခွဲစိတ်ကုသဖို့အတွက် ကုန်ကျစရိတ်သိန်း(၂)ထောင် ဝန်းကျင်ခန့်မှန်းထားပြီး အိန္ဒိယမှ ပါရဂူ Prof Sanjay Govilနဲ့ ပြသစစ်ဆေးထားပြီး အသဲအစားထိုးကုသဖို့ အောင်မြင်နိုင်ခြေ(၉၅)ရာခိုင်နှုန်း ရှိတယ်လို့ သရုပ်ဆောင်ခိုင်နှင်းဝေက ဖော်ပြထားပါတယ်။
#mercury#mercurynews#မြန်မာ#ပြည်တွင်းသတင်း#ပဲခူး