Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မြန်မာတွင်နှစ်စဉ် ဝါးလုံးရေ(၃၁၈)သန်းထွက်ရှိ၊ ပြည်ပစျေးကွက်များအထိ ရောက်ရှိစေရေးအတွက် ပုဂ္ဂလိကနှင့်ပူးပေါင်းဆောင်ရွက်နေ

၂၀၂၅ခုနှစ်၊ဇူလိုင်လ၊(၃၀)ရက်


မြန်မာနိုင်ငံမှာ ဝါးမျိုးစု (၂၁) မျိုးနဲ့ ဝါးမျိုးစိတ် (၁၀၂) မျိုးခန့် ပေါက်ရောက်လျက်ရှိပြီး နှစ်စဉ် ဝါးတောထွက်နှုန်းမှာ ဝါးလုံးရေ (၃၁၈) သန်းရှိတယ်လို့ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန မှသိရပါတယ်။
ဝါးဟာ မျှစ်ထုတ်လုပ်မှုမှစတင်ပြီး လက်မှုလုပ်ငန်း ထုတ်ကုန်အထိ စီးပွားရေး တန်ဖိုးတစ်ခုအဖြစ် ပြောင်းလဲနိုင်တဲ့ သဘာဝထုတ်ကုန်လည်း ဖြစ်ပါတယ်။
အခုရက်ပိုင်းမှာ ဝါးစိုက်ပျိုးပြုစုစီမံအုပ်ချုပ်ခြင်း၊ မျှစ်ထုတ်လုပ်ခြင်းနှင့် ဝါးလက်မှုကဏ္ဍ နည်းပညာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ပြီး
မျှစ်နဲ့ ဝါးထုတ်ကုန်တွေကို ပြည်တွင်း စျေးကွက်သာမက ပြည်ပစျေးကွက်များအထိ ရောက်ရှိစေရေးအတွက် လုပ်ငန်းအဆင့်မြှင့်တင်မှု၊ နည်းပညာဖွံ့ဖြိုးတိုးတက်မှုနဲ့ အရည်အသွေးစံနှုန်းပြည့်မီမှုတွေဟာ များစွာအရေးကြီးပြီး၊
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေနဲ့ သစ်၊ ကြိမ်၊ ဝါးကုန်ကြမ်းများ အသုံးပြုထုတ်လုပ်နေတဲ့ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ကုန်ကြမ်းရရှိရေး၊ လုပ်ငန်းစဉ်များ အဆင်ပြေ ချောမွေ့စေရေးနဲ့ နည်းပညာမြှင့်တင်နိုင်ရေး ပုဂ္ဂလိကလုပ်ငန်းရှင်တွေနဲ့ ပေါင်းစပ်ဆောင် ရွက်လျက်ရှိတယ်လို့ သိရပါတယ်။