———————————————————————–
မြန်မာနိုင်ငံကို လေပွေလှိုင်းဖြတ်ကျော်နေတဲ့အတွက် မိုးသက်လေပြင်းတိုက်တာ၊ မိုးကြီးတာတွေဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
လေပွေလှိုင်းရဲ့ အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်း တိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက် ရေကြီးခြင်းနှင့် မြေပြိုခြင်းတွေဖြစ်ပေါ်နိုင်တယ်လို့ ဆိုပါတယ်။
ဒီနေ့ စက်တင်ဘာလ(၁)ရက်နေ့ တိုင်းထွာချက်တွေအရ မြန်မာနိုင်ငံ၊ ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ ရောက်ရှိခဲ့တဲ့ လေပွေလှိုင်းဟာ အနောက်- အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ပဲခူးတိုင်းဒေသကြီး၊ နေပြည်တော်၊ ဧရာဝတီ တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့ကို ဆက်လက် ဖြတ်ကျော် လျက်ရှိပါတယ်။
လေပွေလှိုင်းဟာ အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျား နိုင်ပြီးနောက် ၁၂ နာရီအတွင်း မကွေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့သို့ ဆက်လက် ရွေ့လျားနိုင် တယ်လို့ ခန့်မှန်းထားပါတယ်။
အဲဒီ့လေပွေလှိုင်းရဲ့ အရှိန်ကြောင့် ဒီနေ့နံနက်မှ ၃-၉-၂၀၂၅ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊
နေပြည်တော်၊ ရန်ကုန်တိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှာ ဒေသအလိုက်နှင့် နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ သိရပါတယ်။
#Mercury#mercurynews#ရာသီဉတု#မြန်မာ#ပြည်တွင်းသတင်း#မိုးလေဝသ