၂၀၂၆ခုနှစ်၊မတ်လ၊(၁၀)ရက်
မြန်မာနိုင်ငံမှာ စက်သုံးဆီပြတ်လတ်မှာကို စိုးရိမ်စရာမလိုဘဲ စက်သုံးဆီတင်သင်္ဘော(၁၄)စီး ဝင်ဖို့ရှိတယ်လို့ သိရပါတယ်။
စက်သုံးဆီဖူလုံမှုအတွက် စဉ်ဆက်မပြတ် တင်သွင်းလျက်ရှိရာ သင်္ဘောတင်သွင်းရောက်ရှိမှု အခြေအနေမှာ သီလဝါဆိပ်ကမ်းတွင်ဆိုက်ကပ်ပြီး သင်္ဘောနှစ်စင်း၊ လမ်းခရီးမှာ သင်္ဘောလေးစင်း၊ ဆီတင်လျက်ရှိတဲ့ သင်္ဘောသုံးစင်းနဲ့ ဆီတင်ရန်စောင့်ဆိုင်းလျက်ရှိတဲ့ သင်္ဘောငါးစင်းရှိတယ်လို့ဆိုပါတယ်။
မြန်မာနိုင်ငံအနေဖြင့် တင်သွင်းထားရှိပြီးတဲ့ စက်သုံးဆီတွေကို သုံးစွဲသူလက်ဝယ် အမှန်တကယ်ရောက်ရှိရေး စိစစ်ကြပ်မတ်ဆောင်ရွက်ခြင်း၊
ပြည်တွင်းမှာ စိုးရိမ်စိတ်ဖြင့် စက်သုံးဆီများ ဝယ်ယူစုဆောင်းခြင်းမဖြစ်ပေါ်စေရေးနှင့် စက်သုံးဆီခြိုးခြံ ချွေတာသုံးစွဲနိုင်စေရေးတို့ကို အစီအစဉ်ရေးဆွဲ ကြပ်မတ်ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။
