၂၀၂၆ခုနှစ်၊မတ်လ(၅)ရက်
မြန်မာနိုင်ငံအတွင်းစက်သုံးဆီပြတ်လပ်မှု စိုးရိမ်လွန်ကဲပြီး သိုလှောင်မှုမပြုဖို့ စွမ်းအင်ဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။
သီလဝါမှာ(၂)စင်း၊လမ်းခရီးမှာ(၆)စင်း၊ဆီတင်ရန်စောင့်နေတဲ့ ဆီတင်သင်္ဘော(၈)စင်းရှိတယ်လို့ဆိုပါတယ်။
စက်သုံးဆီ ရက်(၄၀)ခန့်စာသိုလှောင်ထားပြီးဖြစ်လို့စိုးရိမ်စိတ်လွန်ကဲပြီး၀ယ်ယူသိုလှောင်ခြင်းမပြုလုပ်ကြရန် ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံဟာ စက်သုံးဆီကို ထိုင်းကတင်သွင်းတာ မဟုတ်ဘဲ မလေးရှား၊စင်ကာပူက တင်သွင်းနေတာဖြစ်လို့ ဆီမပြတ်လပ်အောင်ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။
