Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မြန်မာနိုင်ငံအထက်ပိုင်းဒေသများတွင် မိုးထစ် ချုန်းရွာနိုင်


၂၀၂၆ခုနှစ်၊မတ်လ၊(၂၃)ရက်

မြန်မာနိုင်ငံအနောက်မြောက်ဘက်မှ ဝင်ရောက် လာတဲ့ မိုးတိမ်တွေကြောင့် အထက်ပိုင်းဒေသတွေမှာ မိုးဆက်လက်ထစ်ချုန်းရွာနေနိုင်တယ်လို့ မိုးလေဝသပညာရှင်ဦးဝင်းနိုင်ရဲ့ခန့်မှန်းချက်အရသိရပါတယ်။

မတ်လ ၂၂ ရက် ည ၁၁ နာရီ မှ မတ်လ ၂၉ ရက် ည ၁၁ နာရီအတွင်း တနင်္သာရီတိုင်းတောင်ပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းတို့မှာ  မိုးအနည်းငယ်ရွာနိုင်(မိုးဖွဲကျနိုင်)ပြီး စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်တို့မှာမိုးအနည်းငယ်မှ မိုးအသင့်အတင့်ရွာနိုင်တယ်လို့ဆိုပါတယ်။

ကျန်ပြည်နယ်တိုင်းဒေသ‌တွေမှာ မိုးရွာနိုင်မယ့်အခြေအနေမရှိဘူးလို့ ဖော်ပြထားပါတယ်။

အရှေ့အလယ်ပိုင်းဒေသစစ်ပွဲဇုန်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံတို့ရဲ့ မတ်လ ၂၂ ရက် ည ၁၁ နာရီမှာ ဖြစ်နိုင်မယ့် လေထုညစ်ညမ်းမှုအညွှန်းကိန်းနှိုင်းယှဉ်ချက်ပုံကိုတင်ပေးထားပြီး အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် မြန်မာနိုင်ငံမှာလေထုညစ်ညမ်းမှု မဖြစ်နိုင်ဘူးလို့ သိရပါတယ်။