Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် မိုးထစ်ချုန်းမှု ဆက်လက်ဖြစ်ပွားနိုင်

၂၀၂၅၊မေလ၊၁၉ရက်

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထုတ်ပြန်ချက်အရ နောက်ထပ် ၂ ရက်အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများမှာ မိုးထစ်ချုန်းမယ့် အခြေအနေတွေ ဆက်လက် ဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။

နေပြည်တော်၊ရန်ကုန်၊မန္တလေးမြို့နဲ့ အနီးအနားဒေသများမှာမိုးရွာနိုင်ပြီး ရွာရန်ရာခိုင်နှုန်းပြည့်ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းမှာတော့ မိုးတိမ်တောင်များ ဖြစ်ထွန်းလျက် ရှိပြီး မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်မှာ မိုးရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းတွေ ဖြစ်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

#mercury#mercurynews#မိုးလေဝသ#ပြည်တွင်းသတင်း