Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မြန်မာနိုင်ငံ၌ ကလေးအလုပ်သမား ၁.၁၂၅ သန်းကျော်အထိ ရှိလာ၊ ပဋိပက္ခနှင့် စီးပွားရေးအကျပ်အတည်းများက အဓိကစိန်ခေါ်မှုဖြစ်နေ

၂၀၂၅၊ဇွန်လ၊၁၄ရက်

မြန်မာနိုင်ငံတွင် ကလေးအလုပ်သမား စုစုပေါင်း ၁.၁၂၅ သန်းအထိ ရှိနေကြောင်း ယနေ့ နေ့စဉ်ထုတ်သတင်းစာမှာ ဖော်ပြထားပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ ပဋိပက္ခများ၊ သဘာဝဘေးအန္တရာယ်ကျရောက်မှုများနဲ့ နိုင်ငံရေးအကျပ်အတည်းများကြောင့် ကလေးအလုပ်သမားလျှော့ချရေးအတွက် ကြီးမားတဲ့ စိန်ခေါ်မှုများ ကြုံတွေ့နေရကြောင်းလည်း သိရပါတယ်။

ကလေးအလုပ်သမားများ မြင့်တက်လာရတဲ့ အဓိကအကြောင်းအရင်းမှာ အထက်ပါအချက်များကြောင့်ပင်ဖြစ်ပြီး နောက်ဆက်တွဲအနေဖြင့် မိသားစုများရဲ့ လူမှု၊ စီးပွားဘဝ နိမ့်ကျလာမှုများကြောင့် ကလေးများအနေနဲ့ စာသင်ခန်းများမှ ထွက်ခွာကာ အလုပ်လုပ်ကိုင်လာကြရခြင်းဖြစ်တယ်လို့ ပညာရှင်တစ်ဦးက ထောက်ပြထားပါတယ်။

လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားနေတဲ့ဒေသများမှာ ကျောင်းများ မဖွင့်လှစ်နိုင်ခြင်း၊ အခြေခံပညာသင်ကြားရေးများ မပြီးဆုံးမီ ကျောင်းထွက်လိုက်ကြရခြင်း စတဲ့ အကြောင်းအရာ တွေဟာလည်း ကလေးအလုပ်သမားပြဿနာရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် တည်ရှိနေကြောင်း သိရပါတယ်။

လက်ရှိ ပကတိအခြေအနေဟာ မြန်မာနိုင်ငံရဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုနဲ့ အနာဂတ် လူ့စွမ်းအားအရင်းအမြစ်များအတွက် စိုးရိမ်ဖွယ်ရာ အခြေအနေတစ်ခုဖြစ်နေပါတယ်။

ဓါတ်ပုံ-မူရင်းပိုင်ရှင်များကို အပြည့်အဝ creditပေးပါသည်။

#mercury#mercurynews#မြန်မာ#ကလေးလုပ်သား #ပြည်တွင်းသတင်း

YANGON, YANGON DIVISION, MYANMAR – 2009/01/17: A young boy takes a break from washing dishes in a Yangon tea shop. Teashops are often staffed with young boys from rural villages – they generally work seven days a week for months to be able to send money home to their families in the countryside. . (Photo by Jerry Redfern/LightRocket via Getty Images)