မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) နဲ့ Royal – D ဓာတ်ဆားအားဖြည့်ဖျော်ရည်ကို ထုတ်လုပ်ရောင်းချတဲ့ Diamond Oasis Co.,Ltd တို့ စပွန်ဆာစာချုပ် ချုပ်ဆိုပွဲအခမ်းအနားကို ဒီနေ့ (စက်တင်ဘာ ၂၉) မနက်ပိုင်းမှာ ဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
အခမ်းအနားမှာ Diamond Oasis Co.,Ltdက Senior Commercial Manager မစုသာနိုင်က စပွန်ဆာပေးရခြင်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးထွန်းထွန်းအောင်က ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။
အခမ်းအနားကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးထိပ်ခွန်နောင်မြင့်ဝေ၊ Diamond Oasis Co.,Ltd က Senior Commercial Manager မစုသာနိုင် အပါအဝင် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းများက ကစားသမားများနဲ့ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။