မြန်မာနိုင်ငံဟာ အပူပိုင်းမုန်တိုင်း“ဘူအလွိုင်”နဲ့ မုန်တိုင်းငယ်ကြားရောက်နေလို့မိုးဆက်တိုက်ရွာဦးမှာဖြစ်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။
အပူပိုင်းမုန်တိုင်း“ဘူအလွိုင်”ဟာ တိုင်ဖွန်းမုန်တိုင်းအဖြစ်အားကောင်းလာနိုင်ပြီး နောက် ၄၈ နာရီအတွင်း ဗီယက်နမ်နိုင်ငံမြောက်ပိုင်းကမ်းခြေဒေသကိုဖြတ်ကျော်ပြီး မြန်မာဘက်နီးလာနိုင်တယ်လို့ ဖော်ပြထားပါတယ်။
လတ်တလောမှာတော့နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ ဆိုပါတယ်။
နောက် ၂ ရက်အတွက်ခန့်မှန်းချက်အဖြစ် ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ မိုးပိုလာနိုင်တယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် မိုးတိမ်တောင်များဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များရွေ့လျားရာနေရာ တစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းများဖြစ်ပေါ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
#mercury#mercurynews#ရာသီဉတု#မြန်မာ#ပြည်တွင်းသတင်း