Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မြန်မာပလာဇာ ကားပါကင်တွင် အမျိုးသမီးတစ်ဦး ဓားထိုးသတ်ဖြတ်ခံရ

၂၀၂၅၊ဩဂုတ်၊၆ရက်

ရန်ကုန်မြို့၊ အင်းယားကန်ဘောင်အနီးက မြန်မာပလာဇာ ကားပါကင်မှာ သြဂုတ်လ ၅ ရက်နေ့ ညနေ ၅ နာရီခန့်က အမျိုးသမီးတစ်ဦး ဓားနဲ့ထိုးသတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အသက် ၆၀ ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦးကို အမျိုးသားနှစ်ဦးက ဓားနဲ့ထိုးသွားတာဖြစ်ပြီး၊ ဖြစ်စဉ်အသေးစိတ်ကိုတော့ လက်ရှိအချိန်ထိ စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။ ဓားဒဏ်ရာတွေနဲ့ တွေ့ရှိရတဲ့ အမျိုးသမီးကို လုံခြုံရေးအဖွဲ့တွေက လူနာတင်ကားခေါ်ပြီး ဆေးရုံကို ပို့ဆောင်ခဲ့ပေမဲ့ လမ်းမှာပဲ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

CCTV မှတ်တမ်းတွေအရ အမျိုးသားနှစ်ဦးက လုပ်ကြံသတ်ဖြတ်တာဖြစ်နိုင်တယ်လို့ အရပ်စကားတွေ ထွက်ပေါ်နေပေမဲ့ မြန်မာပလာဇာဘက်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာသတင်းထုတ်ပြန်တာမျိုး မရှိသေးဘူးလို့ သိရပါတယ်။

#mercury#mercurynews#မှုခင်း#မြန်မာ#ပြည်တွင်းသတင်း