Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မြန်မာဖိုက်တာ ဘရော်နီကာ ပြိုင်ဖက် ထိုင်းဖိုက်တာကို အလဲထိုးနဲ့ အနိုင်ရခဲ့

၂၀၂၅၊မေလ၊၁၀ရက်

မနေ့ညက ထိုင်းနိုင်ငံ၊ဘန်ကောက်မှာ ကျင်းပခဲ့တဲ့ ONELumpinee109 ပွဲစဉ်မှာ မြန်မာဖိုက်တာ ဘရော်နီကာက ထိုင်းဖိုက်တာ ဂျူနီယာဖဲတပ် ကို ဒုတိယချီမှာဘဲ အလဲထိုးနဲ့ အနိုင်ရခဲ့ပါတယ်။

ဘရော်နီကာ ဟာ သူ့ရဲ့ One Championship မှာ ဒုတိယမြောက်ပွဲဖြစ်တဲ့ ယခုပွဲမှာ အနိုင်ရခဲ့တာကြောင့် ဘောနပ် ထိုင်းဘတ် ၃ သိန်းခွဲကို ရရှိခဲ့ပါတယ်။

ဘရော်နီကာရဲ့ ပြိုင်ဘက် ထိုင်းဖိုက်တာ ဂျူနီယာဖဲတပ်ဟာ ယခုပွဲမတိုင်ခင်မှာ ၇ ပွဲဆက်နိုင်ခဲ့သူဖြစ်ပြီး ဘရော်နီကာကတော့ ဒီပွဲမတိုင်ခင်က ချီလီဖိုက်တာ ဖရန်စစ္စကာဗီရာကို အမှတ်နဲ့ ရှုံးနိမ့်ထားခဲ့တာဖြစ်ပါတယ်။

#mercury#mercurynews#ဘရော်နီကာ#onechampionship