Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မြန်မာမိန်းမပျိုလေးများကို TikTok အသုံးပြုပြီးလူကုန်ကူးမှုများပြုလုပ်လာ

မြန်မာနိုင်ငံမှမိန်းမပျိုလေးတွေကို TikTok အသုံးပြုပြီးတရုတ်မယားဖြစ်အောင် စည်းရုံးမှုများဖြစ်ပွားနေပြီး လူကုန်ကူးမှုဖြင့်အရေးယူထားကာ အလုပ်နဲ့ထောင်ဒဏ်(၁၀) နှစ်စီချမှတ်ထားတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသိရပါတယ်။

ကချင်နဲ့မန္တလေးက မိန်းမပျိုလေး(၂)ဦးကို TikTok Nam Mu [email protected] accမှတစ်ဆင့် တရုတ်နိုင်ငံသို့သွားရောက်နေထိုင်ပြီးတရုတ်အငှားမယားလုပ်ပါက ယွမ်၁၀၀၀၀ရမယ် ဆိုပြီးစည်းရုံးခဲ့ပြီး တရားခံ အေးမြတ်မွန်နဲ့ အေးအိမွန်တို့နှစ်ဦးကို လူကုန်ကူးမှုဖြင့် ဖမ်းဆီးထားပြီး ထောင်ဒဏ်(၁၀)နှစ်စီချထားတယ်လို့ဆိုပါတယ်။

အလားတူ ရှမ်း၊လာရှိုးက အမျိုးသမီးတစ်ဦးကိုလည်း ယွမ်၁၅၀၀၀ဖြင့် တရုတ်အငှား မယားလုပ်ဖို့စည်းရုံးခဲ့လို့ တရားခံအေးမြတ်မွန်နဲ့ ဒေါ်သန်းအေး(ခ)ပီရင်းတို့ကို ထောင်ဒဏ်(၁၀)နှစ်ချမှတ်ခဲ့တယ်။

ရန်ကုန်တိုင်း၊ခရမ်းက မိန်းမပျိုကိုတော့ ခရမ်းရှိတစ်ရွာတည်းနေ မနိုင်(ခ)လေးလေးနိုင်က တရုတ်ရှိ ဆံပင်တုနှင့် လက်သည်းတုစက်ရုံမှာအလုပ်လုပ်ရမယ်ဆိုပြီး ပို့ဆောင်ခ သိန်း၄၀ ပေးရမယ်လို့ဆိုကာ တကယ်တမ်းစက်ရုံမှာမလုပ်ရဘဲ တရုတ်ယောက်ျားယူရမယ်။ မယူပါက လမ်းစရိတ်လျှော်ရမယ်လို့ပြောသဖြင့် လူကုန်ကူးမှုဖြင့်မနိုင်(ခ)လေးလေးနိုင် ကို အလုပ်နဲ့ထောင်ဒဏ်(၁၀)နှစ်ချမှတ်လိုက်တယ်လို့ ဖော်ပြထားပါတယ်။

#mercury#mercurynews#မြန်မာ#ပြည်တွင်းသတင်း#လူကုန်ကူး