Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မြန်မာအပါအဝင် နိုင်ငံ ၁၂ နိုင်ငံကို အမေရိကန်သို့ လုံးဝ ၀င်ရောက်ခွင့်တားမြစ်ကြောင်း သမ္မတထရမ့် လက်မှတ်ထိုး

၂၀၂၅၊ဇွန်လ၊၅ရက်

အမေရိကန်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးနှင့်ပြည်သူ့လုံခြုံရေးအန္တရာယ်များမှ ကာကွယ်နိုင်ဖို့ရာ မြန်မာနိုင်ငံအပါအဝင် နိုင်ငံ ၁၂နိုင်ငံမှ နိုင်ငံသားများကို အမေရိကန်နိုင်ငံသို့ ဝင်ရောက်ခွင့်လုံး၀ပိတ်ပင်ကြောင်း တားမြစ်တဲ့အမိန့်ကို အမေရိကန်သမ္မတထရမ့်က ဇွန်လ ၄ ရက်နေ့တွင် လက်မှတ်ရေးထိုးလိုက်ကြောင်း CNN သတင်းရဲ့ ဖော်ပြချက်အရသိရပါတယ်။

အဆိုပါအမိန့်အရ နိုင်ငံပေါင်း ၁၂ နိုင်ငံမှ နိုင်ငံသားများဝင်ရောက်မှုကို လုံးဝ ကန့်သတ်သွားမှာဖြစ်ပြီး၊မြန်မာနိုင်ငံအပါအဝင် အာဖဂန်နစ္စတန်၊ချဒ်၊ကွန်ဂိုသမ္မတနိုင်ငံ၊အီကွေတာရီယယ်ဂီနီအီရိထရီးယား၊ဟေတီ၊အီရန်၊လစ်ဗျား၊ဆိုမာလီယာ၊ဆူဒန်နှင့်ယီမင် စုစုပေါင်း ၁၂ နိုင်ငံက နိုင်ငံသားတွေ ၀င်ရောက်ခွင့်မရှိတော့မှာဖြစ်ပါတယ်။

အဆိုပါ နိုင်ငံပေါင်း ၁၂ နိုင်ငံကို အမေရိကန်သို့ လုံးဝ ခရီးသွားလာဝင်ရောက်ခွင့် ပိတ်ပင်ထားသည့်အပြင် တစ်စိတ်တစ်ပိုင်း ကန့်သတ်ခံရတဲ့ နိုင်ငံပေါင်း ၇ နိုင်ငံရှိကြောင်း၊အဆိုပါနိုင်ငံများတွေမှာ ဘူရွန်ဒီ၊ ကျူးဘား၊ လာအို၊ ဆီယာရာလီယွန်၊ တိုဂို၊ တာ့ခ်မင်နစ္စတန်နှင့်ဗဗင်နီဇွဲလားတို့ပါဝင်ကြောင်လည်း ဖော်ပြချက်အရသိရပါတယ်။

အဆိုပါနိုင်ငံများထဲမှ အမေရိကန်ပြည်ထောင်စုမှာ တရားဝင်အမြဲတမ်းနေထိုင်ခွင့်ရထားပြီးသူများ၊အမိန့်မတိုင်မီ ထုတ်ပေးပြီးထားတဲ့ ဗီဇာကိုင်ဆောင်သူများ၊တချို့ ဗီဇာအမျိုးအစားများနှင့်အမေရိကန်အမျိုးသားအကျိုးစီးပွားကို ဆောင်ရွက်ပေးသည့် လူပုဂ္ဂိုလ်များကို‌ ခြွင်းချက်အနေဖြင့် အမေရိကန်သို့ နေထိုင် ဝင်ရောက်သွားလာခွင့်ကို ဆက်လက်ခွင့်ပြုထားတယ်လို့ CNN ကရေးသားဖော်ပြပါတယ်။

#myanmar#mercury#mercurynews#အမေရိကန်#visa#ထရမ့်