=======
၂၀၂၅ခုနှစ်၊သြဂုတ်လ(၁၁)ရက်
မြန်မာအမျိုးသမီး ယူ-၂၀အသင်းဟာအိန္ဒိယယူ-၂၀ အမျိုးသမီးအသင်းကို ရှုံးနိမ့်ပြီးနောက် အသင်း နည်းပြချုပ်ဖြစ်သူ ဒေါ်သက်သက်ဝင်းက ရာထူးကနေတာဝန်ယူနှုတ်ထွက်မှာဖြစ်တယ်လို့သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။
ဒီကနေ့ ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းမှာ မြန်မာအမျိုးသမီးယူ-၂၀အသင်းဟာအိန္ဒိယကို တစ်ဂိုး ဂိုးမရှိနဲ့ရှုံးနိမ့်ခဲ့ပြီးနောက် ဒေါ်သင်သက်ဝင်းကသတင်းစာရှင်းလင်းပွဲမှာအသင်းနည်းပြချုပ်ရာထူးကနေတာဝန်ယူနှုတ်ထွက်မှာဖြစ်တယ်လို့ပြောကြားခဲ့တာဖြစ်ပါတယ်။
အာရှဖလား ယူ-၂၀ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတာဖြစ်ပြီး မြန်မာအမျိုးသမီး အသင်းဟာအင်ဒိုနီးရှား၊ တာ့ခ်မင်နစ္စတန်၊ အိန္ဒိယအသင်းတွေနဲ့တစ်အုပ်စုတကျပြီးတစ်ပွဲနိုင်၊တစ်ပွဲသရေ၊တစ်ပွဲရှုံးနဲ့ရမှတ်လေးမှတ်သာရရှိခဲ့ပြီးခြေစစ်ပွဲမအောင်မြင်ခဲ့တာဖြစ်ပါတယ်။
ခြေစစ်ပွဲမှာ အိန္ဒိယအသင်းက ရမှတ်(၇)မှတ် ရရှိခဲ့ပြီး အုပ်စုပထမနဲ့ ခြေစစ်ပွဲ အောင်မြင်သွားခဲ့တာဖြစ်ပါတယ်။
Photo-မူရင်းပိုင်ရှင်ကို Creditပေးပါသည်။
#Mercury#ပြည်တွင်းသတင်း#mercurynews#ရန်ကုန်မြို့#အားကစား#မြန်မာအမျိုးသမီးအသင်း#ဒေါ်သက်သက်ဝင်း