Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မြန်မာအသင်း မကာအိုကို(၇)ဂိုး(၀)ဂိုးဖြင့်အနိုင်ရပြီး အုပ်စုကိုဦးဆောင်နေ

—————————————————————————————

၂၀၂၅ခုနှစ်၊အောက်တိုဘာလ၊(၁၆)ရက်

AFC U17 အမျိုးသမီး အာရှဖလား (ခြေစစ်ပွဲ)မှာ မြန်မာအသင်း မကာအိုကို

(၇)ဂိုး(၀)ဂိုးဖြင့်အနိုင်ရပြီးရလဒ်ကောင်းနေတယ်လို့ သိရပါတယ်။

ခြေစစ်ပွဲတွေကို တာဂျစ်ကစ္စတန်၊ ဆော်ဒီအာရေဗျ၊ မြန်မာ၊ ဗီယက်နမ်၊ စင်ကာပူ၊ ထိုင်း၊ ကာဂျစ္စတန်၊ ဂျော်ဒန် နိုင်ငံတို့က အိမ်ရှင်အဖြစ် လက်ခံကျင်းပနေကြတာ ဖြစ်ပါတယ်။

မြန်မာအသင်းဟာ ပထမဆုံးပွဲစဉ်မှာ မကာအိုအသင်းကို ၇-၀ ဂိုး ဖြင့် အနိုင်ရရှိထားပါတယ်။

အင်ဒိုနီးရှားအသင်းဟာလည်း မကာအိုအသင်းကို ၂-၀ ဂိုးဖြင့် အနိုင်ရထားပြီး ဂိုးအရမြန်မာက သာနေပါတယ်။

မြန်မာအသင်းဟာ အုပ်စုရဲ့ ထိပ်ဆုံးနေရာအတွက် နောက်ဆုံးပွဲစဉ်အဖြစ် အောက်တိုဘာလ ၁၇ ရက် (သောကြာနေ့) မှာ အင်ဒိုနီးရှားအသင်း နဲ့ ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပြီး အဲဒီ့ပွဲမှာ အနိုင်ရသောအသင်းသည်သာ နောက်တစ်ဆင့်ကို တက်ရောက်ခွင့်ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။

#mercury#mercurynews#မြန်မာ#မကာအို#ဘောလုံး#ပြည်တွင်းသတင်း#အမျိုးသမီး