Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မြန်မာ့ရိုးရာ ပန်းဆယ်မျိုး အထိမ်းအမှတ် အထူးထုတ် စာပို့တံဆိပ်ခေါင်း အသစ်တစ်မျိုးရောင်းချသွားမည်

၂၀၂၅၊မေလ၊၃ရက်

ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနကနေ မြန်မာ့ရိုးရာ ပန်းဆယ်မျိုး အထိမ်းအမှတ် Block Stampအထူးထုတ် ၂၀၀၀ကျပ်တန် တံဆိပ်ခေါင်း ရောင်းချပေးသွားမယ်လို့ ယနေ့ထုတ် ပြည်တွင်းသတင်းစာတွေမှာ ဖော်ပြပါတယ်။

အထူးထုတ်တံဆိပ်ခေါင်းအသစ်တွေကို မေလ ၅ရက်နေ့ကနေ စတင်ရောင်းချပေးသွားမှာဖြစ်ပြီး နေပြည်တော်ဗဟို စာတိုက်ကြီး၊ရန်ကုန်စာတိုက်ကြီး အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်အများစုက စာတိုက်တွေမှာ ရရှိနိုင်မယ်လို့ သိရပါတယ်။

အထူးအစီအစဉ်တစ်ရပ်အနေနဲ့ နေပြည်တော် ဗဟို စာတိုက်ကြီး၊ရန်ကုန်စာတိုက်ကြီး၊မန္တလေးစာတိုက်ကြီးတို့မှာ စတင်ရောင်းချမယ့် မေလ၅ရက်နေ့ ဝယ်ယူတဲ့ တံဆိပ်ခေါင်းတွေကို နေ့စွဲအမှတ်အသားတံဆိပ်ရိုက်နှိက်ပေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

#mercury#mercurynews#မြန်မာ#တံဆိပ်ခေါင်း#ပြည်တွင်းသတင်း