Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မြန်မာ့ရွှေဈေး စံချိန်တင် တဟုန်ထိုးတက်ရာမှ အနည်းငယ်ပြန်ကျ

အခုရက်ပိုင်းမှာ မြန်မာ့ရွှေဈေးဟာ စံချိန်တင်တက်ခဲ့ပြီး ပြင်ပရွှေဈေးတစ်ကျပ်သားကို သိန်း(၈၀)အထိထိုးတက်ခဲ့ရာမှာ အနည်းငယ်ပြန်ကျလာတယ်လို့ သိရပါတယ်။

စက်တင်ဘာလ(၁၀)ရက်မနက်ပိုင်းနဲ့နေ့လည်တွေမှာ တစ်ကျပ်သားသိန်း(၈၀)အထိကို တက်သွားခဲ့တာဖြစ်ပြီး စက်တင်ဘာလ(၁၁)ရက်မှာတော့ တစ်ကျပ်သား (၇၉)သိန်း(၆)သောင်းဖြစ်လာခဲ့ပါတယ်။

မြန်မာ့ရွှေဈေးဟာ ပြင်ပဈေးတွေတက်လာပေမယ့် ရွှေရည်ညွှန်းဈေးကတော့ တစ်ကျပ်သား(၅၉)သိန်းဖြင့်ရောင်းဝယ်ဖို့ သတ်မှတ်ထားပြီး ရည်ညွှန်းဈေးဖြင့်သာ ရောင်းချဖို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ တိုက်တွန်းထားပါတယ်။

ကမ္ဘာ့ရွှေဈေးကတော့ အခုရက်ပိုင်းမှာအကျဘက်ရောက်လာပြီးမြန်မာ့ရွှေဈေးလည်း ပြန်ကျလာဖို့ရှိတယ်လို့ သိရပါတယ်။

#mercury#mercurynews#ရွှေဈေး#မြန်မာ#ပြည်တွင်းသတင်း