မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) အနေဖြင့် ကန်တော့ခံ ပုဂ္ဂိုလ်ကြီးများ စုစုပေါင်း ( ၁၂၄) ဦးအတွက် တစ်ဦးလျှင် ကျပ် ၃ သိန်းစီနဲ့ မြန်မာ့လက်ရွေးစင် အသင်းဂျာစီများဖြင့် ဝါကျွတ်ဂါရဝပြုကန်တော့ခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်(MFF)ဦးဆောင်တဲ့ မြန်မာ့ဘောလုံးမိသားစုဟာ နှစ်စဉ်ပြုလုပ်လျက်ရှိတဲ့ အသက်(၇၀)နှစ်နဲ့အထက် ဥက္ကဋ္ဌဟောင်းတွေ၊ အတွင်း ရေးမှူးဟောင်းတွေ၊ မြန်မာ့လက်ရွေးစင် ကစားသမားဟောင်းကြီးတွေ၊ ဒိုင်လူကြီး ဟောင်းတွေကို MFF Futsal Stadium မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
အခမ်းအနားမှာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့်အမှုဆောင်တွေ၊ မြန်မာနေရှင်နယ်လိဂ် ကော်မတီဝင်တွေ၊ ကလပ်အသင်းပိုင်ရှင်တွေ၊ ဖူဆယ်ကော်မတီနှင့်ဖူဆယ်လိဂ်အဖွဲ့ဝင်တွေ၊ နည်းပြများ၊ မြန်မာ့လက်ရွေးစင် ကစားသမားများနှင့် ဝန်ထမ်းတွေမှ ဂါရဝါပြု လက်ဆောင်များဖြင့် ဝါကျွတ်ကန်တော့ခဲ့ကြပြီး ကန်တော့ခံ ပုဂ္ဂိုလ်ကြီးတွေ ကိုယ်စား မြန်မာ့လက်ရွေးစင်ဟောင်း ဦးစိုးမြင့်မှ ဆုံးမသြဝါဒစကား ပြောကြားခဲ့ပြီးနောက် အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်မှ ဩဝါဒစကား ပြောကြားခဲ့တယ်လို့ သိရပါတယ်။
#mercurynews#Mercury#ပြည်တွင်းသတင်း#မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်#သီတင်းကျွတ်ကန်တော့ပွဲ