တရုတ်နိုင်ငံမှာ ကျင်းပနေတဲ့ CFA TEAM CHINA BEIGUO-RENBAI GROUP SHIJIAZHUANG FUTSAL INTERNATIONAL TOURNAMENT 2025 ပြိုင်ပွဲမှာ မြန်မာ့လက်ရွေးစင် ဖူဆယ်အမျိုးသားအသင်းဟာ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ကြောင်း သိရပါတယ်။
မြန်မာအသင်းဟာ အုပ်စုအဆင့်ပွဲစဉ်တွေမှာ နယူးဇီလန်အသင်းကို ၃-၀ ဂိုး၊ ကမ္ဘောဒီးယားအသင်းကို ၄-၁ ဂိုးတို့နဲ့ အနိုင်ရရှိခဲ့ပါတယ်။ အင်ဒိုနီးရှားအသင်းကို ၅-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပေမယ့်လည်း ရမှတ် ၆ မှတ်နဲ့ အုပ်စုဒုတိယနေရာကနေ ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းဟာ ဒိန်းမတ်အသင်းနဲ့ စက်တင်ဘာလ ၉ ရက်နေ့၊ မြန်မာစံတော်ချိန် ညနေ ၃:၀၀ နာရီမှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။
#mercury#mercurynews#မြန်မာ#ဘောလုံး#ဖူဆယ်#အားကစား