၂၀၂၅ခုနှစ်၊သြဂုတ်လ၊(၁၅)ရက်
မြန်မာနိုင်ငံနဲ့ အီဂျစ်နှစ်နိုင်ငံပူးပေါင်းပြီး စိုက်ပျိုးရေးဆိုင်ရာပူးပေါင်းဖို့နဲ့ သားငါးထွက်ကုန် တင်ပို့ဖို့အတွက်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နဲ့ မြန်မာနိုင်ငံဆိုင်ရာ အီဂျစ်နိုင်ငံသံအမတ်ကြီး H.E. Mrs. Aya Saad Mohamed Abdelkarim တို့ဆွေးနွေးခဲ့တာဖြစ်ပါတယ်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံနဲ့ အီဂျစ်နိုင်ငံအကြား ဆောင်ရွက်လျက်ရှိတဲ့ စိုက်ပျိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များ၊ ဝါသီးနှံကဏ္ဍ ဖွံ့ဖြိုးရေးနှင့်နည်းပညာ ပူးပေါင်းဆောင်ရွက် ရေး၊ စိုက်ပျိုးရေးဆိုင်ရာ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံ လယ်ယာသားငါးထွက်ကုန်များ၊ လယ်ယာသုံးစက်ပစ္စည်းများနှင့် စိုက်ပျိုးရေးသွင်းအားစုများ အပြန်အလှန် တင်သွင်းတင်ပို့နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြတယ်လို့ သိရပါတယ်။
#mercury#mercurynews#အီဂျစ်#မြန်မာ#ပြည်တွင်းသတင်း