မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ သူ့ရဲ့ သမီးဖြစ်သူ ကင်ဂျူအယ်နဲ့အတူ တရုတ်နိုင်ငံ မြို့တော် ပေကျင်းသို့ သံချပ်ကာရထားနဲ့ ရောက်ရှိလာကြောင်း သတင်းများအရ သိရပါတယ်။ ကင်ဂျုံအန်းဟာ ဗုဒ္ဓဟူးနေ့မှာ ကျင်းပမယ့် တရုတ် “အောင်ပွဲနေ့” စစ်ရေးပြအခမ်းအနားကို တက်ရောက်မှာဖြစ်ပါတယ်။
အဆိုပါအခမ်းအနားဟာ ကမ္ဘာ့ထိပ်တန်းခေါင်းဆောင်များဖြစ်တဲ့ တရုတ်သမ္မတ ရှီကျင့်ဖိန်နဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့နဲ့ ပထမဆုံးအကြိမ် နိုင်ငံစုံတွေ့ဆုံမယ့်ပွဲလည်း ဖြစ်လာမှာဖြစ်ပါတယ်။
ယခုစစ်ရေးပြပွဲကို ကင်ဂျုံအန်းတက်ရောက်ခြင်းဟာ ၁၉၅၉ ခုနှစ်နောက်ပိုင်း တရုတ်နိုင်ငံရဲ့ စစ်ရေးပြအခမ်းအနားကို မြောက်ကိုရီးယားခေါင်းဆောင်တစ်ဦးအနေနဲ့ ပထမဆုံးအကြိမ် တက်ရောက်ခြင်းလည်းဖြစ်ပါတယ်။
တရုတ်ကွန်မြူနစ်ပါတီက နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီအပါအဝင် အဆင့်မြင့်အရာရှိများက ကင်ဂျုံအန်းကို ဘူတာရုံမှာ နွေးထွေးစွာ ကြိုဆိုခဲ့ကြောင်း မြောက်ကိုရီးယားရဲ့ နိုင်ငံပိုင်သတင်းအေဂျင်စီ (KCNA) က ဖော်ပြခဲ့ပါတယ်။
#mercury#mercurynews#မြောက်ကိုရီးယား#နိုင်ငံတကာသတင်း#တရုတ်