၂၀၂၆၊ဇန်နဝါရီလ၊၂၈ရက်
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ဃ ရပ်ကွက်၊ ဝေပုလ္လ(၆)လမ်းမှာ ယနေ့ နေ့လည်၁၂နာရီ ၂၀မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
မီးလောင်ရာကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ မီးငြှိမ်းသတ်ယာဉ်များ၊ မြောက်ဥက္ကလာပမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်များ ထွက်ခွာမီးငြိမ်းသတ်ခဲ့ပါတယ်။
နေ့လည် ၁၂နာရီ ၄၀မိနစ်မှာ မီးထိန်းနိုင်ခဲ့ပြီး၊၁၂နာရီ ၄၅မိနစ် မှာ မီးကို ငြိမ်းသတ်နိုင်ခဲ့ကြောင်း မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
