၂၀၂၆၊မတ်လ၊၁၉ရက်
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ မေဓါဝီဆေးရုံအနီးမှာ မနေ့က မတ်လ ၁၉ရက် ညနေ ၆နာရီ၄၁မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
မီးလောင်ရာကို မြောက်ဥက္ကလာပမြို့နယ်မီးသတ်စခန်းက မီးသတ်ယာဉ်(၂)စီး၊၆နာရီ ၄၃မိနစ်ခန့်မှာ Level 1 ယာဉ်အုပ်စုများ ထွက်ခွာငြိမ်းသတ်ခဲ့ကြပါတယ်။
ညနေ ၆နာရီ ၄၅မိနစ်မှာ မီးထိန်းနိုင်ခဲ့ပြီး ၆နာရီ ၅၃မိနစ် မှာ မီးကို ငြိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
