၂၀၂၅ခုနှစ်၊မေလ၊(၇)ရက်
အခုရက်ပိုင်းအတွင်းမှာ မြွေ(၁၆)ကောင် အမြန်လမ်း၂၂၃မိုင်မှာထွက်လာပြီး နေအိမ်တွေအထိရောက်လာတာမျိုးဖြစ်ခဲ့တယ်လို့ သိရပါတယ်။
“အမြန်လမ်း 223 မိုင်မှာ တွေ့ခဲ့တာဖြစ်ပါတယ်။ ယခင်နေ့တွေမှာ စုစုပေါင်း ၁၆ ကောင်အထိ လူနေအိမ်အထိရောက်လာတယ်လို့ပြောပါတယ်။ မြွေတွေအခုလိုထွက်လာတယ်ဆိုတာ သိပ်တော့သဘောကျဖို့မကောင်းလှဘူးလို့ထင်တယ် ။ အရှည် ၂ ပေကျော် ။ လုံးပတ် လူကြီးလက်ကောက်၀တ်လောက်ရှိတယ်”လို့ လူမှုကူညီရေးအဖွဲ့ဝင် ကိုရွှေမိုးအောင်က ဖော်ပြထားပါတယ်။
တွင်းအောင်းမြွေတွေထွက်လာတာဟာ ငလျင်အပါအဝင်သဘာဝဘေးတွေအတွက်သတိပြုစရာ အချက်ဖြစ်သလို အခုရက်ပိုင်းမှာလည်း ရန်ကုန်၊မန္တလေး၊နေပြည်တော်တို့မှာ နောက်ဆက်တွဲငလျင်တွေဆက်တိုက်လှုပ်ခတ်မှုတွေရှိနေတယ်လို့ သိရပါတယ်။
Photo Credit -Shwe Moe Aung