Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မွန်အမျိုးသားနေ့အခမ်းအနား ရန်ကုန်တွင်ကျင်းပမည်

————————————————————-

၂၀၂၆ခုနှစ်၊ဇန်နဝါရီလ၊(၁၇)ရက်

(၇၉)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားနဲ့အလံတင်အခမ်းအနားကို ရန်ကုန်မြို့၊ဒဂုံမြို့နယ်၊မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံမှာကျင်းပဖို့ရှိတယ်လို့ သိရပါတယ်။

အခမ်းအနားကို ဖေဖော်ဝါရီ(၂)ရက်မှာကျင်းပမှာဖြစ်ပြီး မနက်(၈)နာရီမှာအလံတင်အခမ်းအနား၊မနက်(၁၀)နာရီမှာ ဆုချီးမြှင့်ခြင်းနဲ့ဂုဏ်ပြုလွှာပေးအပ်ခြင်းတွေဆောင်ရွက်သွားမှာဖြစ်ပါတယ်။

(၇၉)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို မွန်အမျိုးသားဝတ်စုံနဲ့တက်ရောက်ကြဖို့နဲ့မွန်အမျိုးသားတို့ရဲ့ ဇာတိသွေး၊ဇာတိမာန်ရှင်သန်နိုးကြားဖို့နဲ့မွန်စာပေ၊ယဉ်ကျေးမှုကိုဖော်ထုတ်မြှင့်တင်လိုစိတ်၊တိုးတက်လိုစိတ်ရှိဖို့ရည်ရွယ်ကျင်းပ ကြတာဖြစ်တယ်လို့ သိရပါတယ်။